Sunday, February 3, 2013

How to connect Android 4.+ devices with Ubuntu


Android 4.0 နဲ့အထက် devices တွေကို Ubuntu နဲ့ချိတ်လို့မရတော့ပါဘူး။ Android devices တွေနဲ့ချိတ်ဆက်တဲ့ အခါမှာသုံးတဲ့ gvfs က Android 4.0 အထက်တွေမှာ သုံးတဲ့ MTP ကိုအထောက်အပံ့ပေးခြင်းမပြုလို့ ဖြစ်ပါတယ်။ အခုစာရေးနေတဲ့ အချိန်မှာတော့ နောက်ထွက်လာမယ့် Ubuntu 13.04 မှာစပြီးအထောက်အပံ့ပေးမယ်လို့သိရပါတယ်။

အခုအချိန်မှာတော့ Ubuntu ကို Android 4.0 အထက် device တွေကိုချိတ်ဆက်လို့ရအောင်လုပ်လို့ရတဲ့နည်း နှစ်နည်းရှိနေပြီဖြစ်ပါတယ်။ တနည်းကတော့ go-mtpfs ကိုသုံးပြီးချိတ်ဆက်တာဖြစ်ပြီး နောက်တစ်နည်းကတော့ gvfs ကို MTP အထောက်အပံ့ရအောင် upgrade လုပ်တာဖြစ်ပါတယ်။

ပထမဆုံး go-mtpfs ကိုအသုံးပြုပြီး ချိတ်ဆက်တဲ့နည်းကိုပြောပါမယ်။ အောက်က command တွေကိုအသုံးပြုပြီး go-mtpfs ကို install လုပ်လိုက်ပါ။
sudo add-apt-repository ppa:webupd8team/unstable
sudo apt-get update
sudo apt-get install go-mtpfs
ပထမဆုံး command ကတော့ go-mtpfs ဟာ ကျွန်တော်တို့ရဲ့ မူရင်း Ubuntu repository ထဲမှာမရှိတဲ့အတွက် သူရှိတဲ့ repository ကိုထည့်လိုက်တာဖြစ်ပါတယ်။ နောက်တစ်ကြောင်းကတော့ source list ကို update လုပ်တာပါ။ နောက်ဆုံးတစ်ကြောင်းကတော့ go-mtpfs ကို install လုပ်တာပါ။

ကျွန်တော်တို့ install လုပ်ပြီလို့ချိတ်ဆက်တော့မယ်ဆို သင့်ရဲ့ device ကို unlock လုပ်ပါ။ ပြီးရင် terminal ကနေပြီးတော့ အောက်က command ကိုရိုက်ပါ။

go-mtpfs /media/MyAndroid

ဒါဆိုရင်ချိတ်ဆက်လို့ရပါပြီ။ ပြန်ပြီး unmount လုပ်ချင်တယ်ဆိုရင်တော့ အောက်က command ကိုအသုံးပြုပါ။

fusermount -u /media/MyAndroid

Unity desktop ကိုအသုံးပြုသူနေတဲ့လူတွေအနေနဲ့ကတော့ Unity မှာ Launcher လေးထားထားလို့ရပါတယ်။၎င်း Launcher ကို install လုပ်ဖို့ အောက်က command ကိုအသုံးပြုပါ။
sudo apt-get install go-mtpfs-unity

တကယ်လို့ gvfs ကို MTP support ရအောင်လုပ်ပြီး သုံးချင်ရင်တော့ ဒီ​မှာ ရေးထားတဲ့အတိုင်း လုပ်ဆောင်ကြည့်နိုင်ပါတယ်။

Ref : http://www.webupd8.org/2012/12/how-to-mount-android-40-ubuntu-go-mtpfs.html

Saturday, February 2, 2013

Installing Apache,MySQL and PHP in easy way (Ubuntu)

 
ကျွန်တော်တို့အရင်က ubuntu မှာ LAMP ကို install လုပ်မယ်ဆိုရင် အဆင့်ဆင့်လုပ်ဆောင်ရသလို အချို့သော configuration တွေကိုလည်းလုပ်ကြရပါတယ်။ အခုတစ်ခါကတော့ command line တွေအများကြီးရိုက်စရာမလိုသလို ထည့်သွင်းပြီးတာနဲ့ တန်းသုံးလို့ရပါတယ်။

Terminal ကနေ install လုပ်ချင်တယ်ဆိုရင် အောက်က command ကို terminal မှာရိုက်လိုက်ပါ။

sudo apt-get install tasksel

software center ကနေဆိုရင်တော့ search box ကနေ tasksel ဆိုပြီးရှာကြည့်လိုက်ပါ။ ဆိုဒ်သိပ်မကြီးတဲ့အတွက် ခဏလေးနဲ့ပြီးသွားပါလိမ့်မယ်။

ပြီးရင် terminal ကနေ sudo tasksel ဆိုပြီးရိုက်လိုက်ပါ။ password ထည့်ပြီးရင် tasksel ကိုမြင်ရပါလိမ့်မယ်။ LAMP server ကို space ကိုနှိပ်ပြီး select လုပ်လိုက်ပါ။ tasksel မှာ select လုပ်ပြီးသားတွေကို deselect လုပ်မပစ်ပါနဲ့။ ဥပမာ - ubuntu desktop ကို deselect လုပ်လိုက်ရင် ubuntu သုံးမရ ဖြစ်သွားပါလိမ့်မယ်။ ပြီးရင် Tab ကီးသုံးပြီး ok ကို select လုပ် enter ဆိုရင် LAMP ကို install လုပ်ဖို့ လိုအပ်တာတွေ download လုပ်ပါလိမ့်မယ်။

Install လုပ်နေစဉ်မှာ mysql အတွက် password လာတောင်းပါလိမ့်မယ်။ ကျွန်တော် install လုပ်တုန်းကတော့ password မထည့်ရင်ရှေ့ဆက်မသွားတော့ပါ။ အားလုံးပြီးရင် browser ကနေ localhost ကိုခေါ်လိုက်ပါ။ It works! ဆိုပြီးစာတချို့ပေါ်လာရင် apache ကအလုပ်လုပ်ပါပြီ။

တစ်ခါတည်း ကျွန်တော်တို့ phpmyadmin ကိုinstall လုပ်ပါမယ်။

ထုံးစံအတိုင်း sudo apt-get install phpmyadmin ဆိုပြီး terminal ကနေ install လုပ်လိုက်ပါ။ ပြီးရင် Browser ကနေ localhost/phpmyadmin ဆိုပြီးခေါ်လိုက်ရင် mysql password လာတောင်းပါလိမ့်မယ်။ ထည့်ပေးလိုက်ရင် phpmyadmin ကိုသုံးလို့ရပါပြီ။

Friday, February 1, 2013

Back to Unity Desktop



ဟိုတစ်လောက အလုပ်ကိစ္စတစ်ခုအတွက်လိုလို့ လက်ရှိသုံးနေတဲ့ 32-bit Ubuntu လေးကို 64-bit ပြောင်းတင်လိုက်ရတယ်။ အရင်ဟာလေးက ၁၂.၀၄ ထွက်ကတည်းက သုံးနေတာ အတော်ကိုကြာနေပြီ။ ဒါပေမယ့်လည်းလိုအပ်လာတော့ သံယောဇဉ်ကိုဖြတ်လိုက်တယ်။ တင်မယ်လို့လုပ်တော့လည်း 12.10 က download မလုပ်ရသေးဘူး။ ဒါနဲ့ပဲ့ 12.04 LTS ကိုတင်လိုက်ရတယ်။ ဒေါင်းရမှာ ကွန်နတ်ရှင်ကမကောင်းတော့ ပေးရမယ့်အချိန်ကို နှမျောတာလည်းပါတယ်။ Ubuntu ကို Gnome နဲ့သုံးနေတာ အတော်ကိုကြာနေပြီလို့ပြောလို့ရတယ်။

အခုတစ်ခါတော့ ပြောင်းရင်နဲ့မထူးပါဘူးဆိုပြီး Unity လေးကိုပြန်သုံးဖြစ်တယ်။ တကယ်တန်းပြောရရင် Unity ကြီးကိုသုံးဖို့ တွန့်ဆုတ်နေတာတော့အမှန်ပဲ။ ဒါပေမယ့်လည်း ကိုနိုင်ရဲမင်းနဲ့တွေ့တဲ့အခါတိုင်း သူ့ Unity Desktop လေးကိုကြည့်ပြီး ငါလည်းတစ်ခါလောက်တော့ပြန်စမ်းကြည့်အုံးမယ်ဆိုပြီး စိတ်ကိုဒုံးဒုံးချလိုက်တယ်။