Saturday, February 2, 2013

Installing Apache,MySQL and PHP in easy way (Ubuntu)

 
ကျွန်တော်တို့အရင်က ubuntu မှာ LAMP ကို install လုပ်မယ်ဆိုရင် အဆင့်ဆင့်လုပ်ဆောင်ရသလို အချို့သော configuration တွေကိုလည်းလုပ်ကြရပါတယ်။ အခုတစ်ခါကတော့ command line တွေအများကြီးရိုက်စရာမလိုသလို ထည့်သွင်းပြီးတာနဲ့ တန်းသုံးလို့ရပါတယ်။

Terminal ကနေ install လုပ်ချင်တယ်ဆိုရင် အောက်က command ကို terminal မှာရိုက်လိုက်ပါ။

sudo apt-get install tasksel

software center ကနေဆိုရင်တော့ search box ကနေ tasksel ဆိုပြီးရှာကြည့်လိုက်ပါ။ ဆိုဒ်သိပ်မကြီးတဲ့အတွက် ခဏလေးနဲ့ပြီးသွားပါလိမ့်မယ်။

ပြီးရင် terminal ကနေ sudo tasksel ဆိုပြီးရိုက်လိုက်ပါ။ password ထည့်ပြီးရင် tasksel ကိုမြင်ရပါလိမ့်မယ်။ LAMP server ကို space ကိုနှိပ်ပြီး select လုပ်လိုက်ပါ။ tasksel မှာ select လုပ်ပြီးသားတွေကို deselect လုပ်မပစ်ပါနဲ့။ ဥပမာ - ubuntu desktop ကို deselect လုပ်လိုက်ရင် ubuntu သုံးမရ ဖြစ်သွားပါလိမ့်မယ်။ ပြီးရင် Tab ကီးသုံးပြီး ok ကို select လုပ် enter ဆိုရင် LAMP ကို install လုပ်ဖို့ လိုအပ်တာတွေ download လုပ်ပါလိမ့်မယ်။

Install လုပ်နေစဉ်မှာ mysql အတွက် password လာတောင်းပါလိမ့်မယ်။ ကျွန်တော် install လုပ်တုန်းကတော့ password မထည့်ရင်ရှေ့ဆက်မသွားတော့ပါ။ အားလုံးပြီးရင် browser ကနေ localhost ကိုခေါ်လိုက်ပါ။ It works! ဆိုပြီးစာတချို့ပေါ်လာရင် apache ကအလုပ်လုပ်ပါပြီ။

တစ်ခါတည်း ကျွန်တော်တို့ phpmyadmin ကိုinstall လုပ်ပါမယ်။

ထုံးစံအတိုင်း sudo apt-get install phpmyadmin ဆိုပြီး terminal ကနေ install လုပ်လိုက်ပါ။ ပြီးရင် Browser ကနေ localhost/phpmyadmin ဆိုပြီးခေါ်လိုက်ရင် mysql password လာတောင်းပါလိမ့်မယ်။ ထည့်ပေးလိုက်ရင် phpmyadmin ကိုသုံးလို့ရပါပြီ။

No comments:

Post a Comment