Android 4.0
နဲ့အထက်
devices တွေကို
Ubuntu
နဲ့ချိတ်လို့မရတော့ပါဘူး။ Android devices
တွေနဲ့ချိတ်ဆက်တဲ့
အခါမှာသုံးတဲ့
gvfs
က
Android 4.0
အထက်တွေမှာ
သုံးတဲ့ MTP
ကိုအထောက်အပံ့ပေးခြင်းမပြုလို့
ဖြစ်ပါတယ်။ အခုစာရေးနေတဲ့
အချိန်မှာတော့ နောက်ထွက်လာမယ့်
Ubuntu 13.04
မှာစပြီးအထောက်အပံ့ပေးမယ်လို့သိရပါတယ်။
အခုအချိန်မှာတော့
Ubuntu
ကို
Android 4.0
အထက်
device
တွေကိုချိတ်ဆက်လို့ရအောင်လုပ်လို့ရတဲ့နည်း
နှစ်နည်းရှိနေပြီဖြစ်ပါတယ်။
တနည်းကတော့
go-mtpfs
ကိုသုံးပြီးချိတ်ဆက်တာဖြစ်ပြီး
နောက်တစ်နည်းကတော့ gvfs
ကို
MTP အထောက်အပံ့ရအောင်
upgrade
လုပ်တာဖြစ်ပါတယ်။
ပထမဆုံး
go-mtpfs
ကိုအသုံးပြုပြီး
ချိတ်ဆက်တဲ့နည်းကိုပြောပါမယ်။
အောက်က command
တွေကိုအသုံးပြုပြီး
go-mtpfs
ကို
install
လုပ်လိုက်ပါ။
sudo add-apt-repository ppa:webupd8team/unstablesudo apt-get updatesudo apt-get install go-mtpfs
ပထမဆုံး
command
ကတော့
go-mtpfs
ဟာ
ကျွန်တော်တို့ရဲ့ မူရင်း
Ubuntu repository
ထဲမှာမရှိတဲ့အတွက်
သူရှိတဲ့ repository
ကိုထည့်လိုက်တာဖြစ်ပါတယ်။
နောက်တစ်ကြောင်းကတော့ source
list ကို
update လုပ်တာပါ။
နောက်ဆုံးတစ်ကြောင်းကတော့
go-mtpfs ကို
install လုပ်တာပါ။
ကျွန်တော်တို့
install
လုပ်ပြီလို့ချိတ်ဆက်တော့မယ်ဆို
သင့်ရဲ့ device
ကို
unlock
လုပ်ပါ။
ပြီးရင် terminal
ကနေပြီးတော့
အောက်က command
ကိုရိုက်ပါ။
go-mtpfs
/media/MyAndroid
ဒါဆိုရင်ချိတ်ဆက်လို့ရပါပြီ။
ပြန်ပြီး unmount
လုပ်ချင်တယ်ဆိုရင်တော့
အောက်က command
ကိုအသုံးပြုပါ။
fusermount
-u /media/MyAndroid
Unity desktop ကိုအသုံးပြုသူနေတဲ့လူတွေအနေနဲ့ကတော့
Unity
မှာ
Launcher
လေးထားထားလို့ရပါတယ်။၎င်း
Launcher
ကို
install
လုပ်ဖို့
အောက်က command
ကိုအသုံးပြုပါ။
sudo apt-get install go-mtpfs-unity
တကယ်လို့
gvfs
ကို
MTP
support ရအောင်လုပ်ပြီး
သုံးချင်ရင်တော့ ဒီမှာ
ရေးထားတဲ့အတိုင်း
လုပ်ဆောင်ကြည့်နိုင်ပါတယ်။
Ref
:
http://www.webupd8.org/2012/12/how-to-mount-android-40-ubuntu-go-mtpfs.html
No comments:
Post a Comment