Friday, February 1, 2013

Back to Unity Desktop



ဟိုတစ်လောက အလုပ်ကိစ္စတစ်ခုအတွက်လိုလို့ လက်ရှိသုံးနေတဲ့ 32-bit Ubuntu လေးကို 64-bit ပြောင်းတင်လိုက်ရတယ်။ အရင်ဟာလေးက ၁၂.၀၄ ထွက်ကတည်းက သုံးနေတာ အတော်ကိုကြာနေပြီ။ ဒါပေမယ့်လည်းလိုအပ်လာတော့ သံယောဇဉ်ကိုဖြတ်လိုက်တယ်။ တင်မယ်လို့လုပ်တော့လည်း 12.10 က download မလုပ်ရသေးဘူး။ ဒါနဲ့ပဲ့ 12.04 LTS ကိုတင်လိုက်ရတယ်။ ဒေါင်းရမှာ ကွန်နတ်ရှင်ကမကောင်းတော့ ပေးရမယ့်အချိန်ကို နှမျောတာလည်းပါတယ်။ Ubuntu ကို Gnome နဲ့သုံးနေတာ အတော်ကိုကြာနေပြီလို့ပြောလို့ရတယ်။

အခုတစ်ခါတော့ ပြောင်းရင်နဲ့မထူးပါဘူးဆိုပြီး Unity လေးကိုပြန်သုံးဖြစ်တယ်။ တကယ်တန်းပြောရရင် Unity ကြီးကိုသုံးဖို့ တွန့်ဆုတ်နေတာတော့အမှန်ပဲ။ ဒါပေမယ့်လည်း ကိုနိုင်ရဲမင်းနဲ့တွေ့တဲ့အခါတိုင်း သူ့ Unity Desktop လေးကိုကြည့်ပြီး ငါလည်းတစ်ခါလောက်တော့ပြန်စမ်းကြည့်အုံးမယ်ဆိုပြီး စိတ်ကိုဒုံးဒုံးချလိုက်တယ်။


ပထမဆုံးလုပ်စရာရှိတာတွေအတွက် လိုအပ်တဲ့ package တွေကို အရင်တင်လိုက်တယ်။ ပြီးတာနဲ့ Unity ရဲ့ မရှိမဖြစ် CompizConfig ကို install လုပ်လိုက်တယ်။ online ပေါ်ကနေ ဘာတွေများပြောင်းလဲသွားသေးလဲဆိုတာတွေကို ပါရှာဖွေကြည့်ဖြစ်တယ်။ အရင်ကျွန်တော်သုံးနေတုန်းက ကျွန်တော်ပဲမသိတာလား အခုမှပဲ ပါလာတာလားမသိတဲ့ effect တွေကိုပါတွေ့လိုက်ရတယ်။ အာလုံးကို configure လုပ်ပြီးတဲ့အချိန်မှာတော့ unity လေးကအတော်ကိုလန်းသွားတာအမှန်ပဲ။ ဘာပဲဖြစ်ဖြစ်ပြောင်းသုံးရတာ တန်သွားပါတယ်။ (ဒီလိုပြောလို့ Unity သမားတွေများ ဆဲမလားအသိဘူး)

Untiy နဲ့ Gnome နဲ့ယှဉ်ရင် workspace တွေ switch လုပ်တဲ့နေရာမှာ Gnome ကပိုအဆင်ပြေသလိုပဲ။ View အနေနဲ့ကြည့်ရင်ကြတော့ Unity မှာကကြည့်ရတဲ့ မြင်ကွင်းပိုကျယ်သလိုပဲ။ Globel Menu ကြောင့်လိုတော့ထင်တယ်။ Gnome မှာက အပေါ်က panel အတွက်ကော title bar အတွက်ပါနေရာပေးလိုက်ရတာကြောင့်လည်ပါမယ်။ Gnome ဘက်က desktop effect တွေက Unity ပေါ်က CompizConfig ကရတဲ့ effect တွေလောက်တော့မလန်းတာအမှန်ပဲ။ နောက်ပြီး Unity lens တွေ။ အရင်ကျွန်တော်သုံးတုန်းကထက်စာရင် အများကြီးပိုများလာတယ်။ 12.10 မှာပါလာတဲ့ Web App ကတော့ ကျွန်တော့အနေနဲ့ သိပ်မထူးခြားသလိုပဲ။
သူ့ကို 12.10 ထွက်ပြီး 12.04 ကနေ Update လုပ်ကာစကသုံးဘူးတယ်။

CompizConfig ကတော့အတော်ကိုမိုက်တာ အမှန်ပဲ။ ဒါပေမယ့် Gnome ဘက်မှာ extensions.gnome.org ကနေတန်းပြီး extensions တွေသွင်း tweak tool နဲ့ control လုပ်ရတာလည်း တစ်မျိုးတော့မိုက်တာအမှန်ပဲ။
ဘယ်ဟာပိုကောင်းလဲမေးရင်တော့ ဖြေရခက်တာအမှန်ပါပဲ။ သူ့ဟာနဲ့သူကတော့ ကောင်းတာကြီးပဲ။

ဘာပဲဖြစ်ဖြစ် Unity က အခုချိန်ထိတော့ ကျွန်တော့အတွက်ပြန်အဆင်ပြေနေတာအမှန်ပဲ။

No comments:

Post a Comment